“ညအိပ္ယာဝင္လွ်င္ ေျခေထာက္ ကိုက္ခဲေနသူမ်ား အတြက္ ကိုယ္ေတြ႕ေဆးနည္း”

“ညအိပ္ယာဝင္လွ်င္ ေျခေထာက္ ကိုက္ခဲေနသူမ်ား အတြက္ ကိုယ္ေတြ႕ေဆးနည္း”

ကြၽန္ေတာ့္မွာ ညအိပ္ယာဝင္ၿပီ ဆိုရင္ ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္ပါဘူး အထူးသျဖင့္ ကြၽန္ေတာ့္ေျခေထာက္က တ႐ုတ္အေမႊးပြေစာင္ဆို ၿခဳံအိပ္လို႔ မရဘူး။ေဆာင္းရာသီျဖစ္ေနပါေစ တ႐ုတ္ကလာတဲ့ အေမႊးပြေစာင္ၿခဳံလိုက္တာနဲ႔ ေျခဖ်ားေတြပူ ကိုက္ခဲလာတာ ေနာက္ဆုံးမေနႏိုင္ေတာ့ ေျခေထာက္ကိုေစာင္အျပင္ဘက္ထုတ္ၿပီး အိပ္မွရတယ္။အေပၚပိုင္းဘဲေစာင္ၿခဳံအိပ္ရတယ္ တစ္ခါတစ္ရံ ေဆာင္းရာသီေတာင္မွ ေျခဖ်ားေတြ ပူေနလို႔ ေရေအးသြားေလာင္းၿပီးမွ အိပ္လို႔ရတယ္။

ဒါေတာင္ ခနေလးေနရင္ေျခေထာက္ အဖ်ားပိုင္းကို ေစာင္အျပင္ထုတ္ အိပ္ရတာဘဲ ေျခေထာက္ဖ်ားက ပူလာရင္ အိပ္ကို မရေတာ့ဘူး ဒီလိုျဖစ္လာတာၾကာခဲ့ပါၿပီဗ်ာ။ေနာက္ဆုံး တ႐ုတ္အေမႊးပြေစာင္ျမင္တာနဲ႔ ၿခဳံအိပ္ရမွာကိုေတာင္ ေၾကာက္လာပါတယ္။

မႏၲေလးလို ပူတဲ့ေနရာကို ခရီးထြက္ရၿပီ ဆိုရင္ ေစာင္မၿခဳံရေပမဲ့ ပူတဲ့ဒါဏ္နဲ႔ ေျခဖ်ားေတြ ပူလာရင္ အိပ္ကို မရေတာ့ဘူး ကိုက္ခဲလာေတာ့တာပါပဲ။အခုေတာ့ တ႐ုတ္အေမႊးပြ ေစာင္ၿခဳံလည္း အိပ္လို႔ရလာသလို ကိုက္တာခဲတာေတြလဲ ေလ်ာ့သြားပါၿပီ။ဒါဘာေၾကာင့္လဲ ?ဘာေဆးနဲ႔ ေပ်ာက္တာလဲေမးရင္ ဟုတ္ကဲ့ ေျပာျပပါ့မယ္။

ေထြေထြထူးထူး လုပ္စရာ မလိုသလို ေငြကုန္လည္း အရမ္းသက္သာတဲ့ နည္းေလးပါ။ညအိပ္ယာမဝင္ခင္ ေရေႏြးပူနဲ႔ေရေအးနဲ႔ မွ်တေအာင္စပ္ၿပီး ဇလုံတစ္ခုထဲထည့္ပါ ေျခဖ်ားျမႇပ္ေအာင္ေတာ့ ေရထည့္ပါ အဲဒီေရထဲမွာ အိမ္သုံး႐ိုး႐ိုးဆားလက္တစ္ဆုပ္စာ ထည့္ၿပီး ေျခဖ်ားေတြကို နာရီဝက္ၾကာေအာင္ စိမ္ေပးပါ ညစဥ္ညတိုင္း လုပ္ေပးပါ။၄/၅ ရက္ဆားရည္စိပ္ၿပီးတာနဲ႔ကို သိသိသာသာ သက္သာလာပါလိမ့္မယ္ေနာ္။

အခုဆို တ႐ုတ္အေႏြးေစာင္နဲ႔ အိပ္လို႔ ရသလို ခါတိုင္းလို ေျခေထာက္ကိုေစာင္ အျပင္ဘက္ထုတ္ အိပ္စရာ မလိုေတာ့ပါဘူး ကိုက္တာခဲတာေတြလည္းသိသိသာသာ သက္သာလာပါၿပီ။အဲဒီအတြက္ ေဆးနည္း သိၿပီး လုပ္ေပးခဲ့တဲ့ ကြၽန္ေတာ့္ဇနီးကိုလည္းေက်းဇူးတင္ပါတယ္။ညညေျခဖ်ားေတြပူ ကိုက္ခဲလို႔ အိပ္မရဘူးဆိုတဲ့ သူေတြ လုပ္ၾကည့္လိုက္ပါ။တစ္ျခားလူမ်ားသိေအာင္လည္း ေဝမွ်ေပးႏိုင္ပါတယ္ေနာ္။

မဂၤလာထြန္း ( ေက်ာက္မဲ )ေမတၱာျဖင့္…အိမ္တြင္းေဆးၿမီးတိုမ်ားစုစည္းမႈ

Via-Sai Min Thant

[Unicode]

“ညအိပ်ယာဝင်လျှင် ခြေထောက် ကိုက်ခဲနေသူများ အတွက် ကိုယ်တွေ့ဆေးနည်း”

ကျွန်တော့်မှာ ညအိပ်ယာဝင်ပြီ ဆိုရင် တော်တော်နဲ့ အိပ်မပျော်ပါဘူး အထူးသဖြင့် ကျွန်တော့်ခြေထောက်က တရုတ်အမွှေးပွစောင်ဆို ခြုံအိပ်လို့ မရဘူး။ဆောင်းရာသီဖြစ်နေပါစေ တရုတ်ကလာတဲ့ အမွှေးပွစောင်ခြုံလိုက်တာနဲ့ ခြေဖျားတွေပူ ကိုက်ခဲလာတာ နောက်ဆုံးမနေနိုင်တော့ ခြေထောက်ကိုစောင်အပြင်ဘက်ထုတ်ပြီး အိပ်မှရတယ်။အပေါ်ပိုင်းဘဲစောင်ခြုံအိပ်ရတယ် တစ်ခါတစ်ရံ ဆောင်းရာသီတောင်မှ ခြေဖျားတွေ ပူနေလို့ ရေအေးသွားလောင်းပြီးမှ အိပ်လို့ရတယ်။

ဒါတောင် ခနလေးနေရင်ခြေထောက် အဖျားပိုင်းကို စောင်အပြင်ထုတ် အိပ်ရတာဘဲ ခြေထောက်ဖျားက ပူလာရင် အိပ်ကို မရတော့ဘူး ဒီလိုဖြစ်လာတာကြာခဲ့ပါပြီဗျာ။နောက်ဆုံး တရုတ်အမွှေးပွစောင်မြင်တာနဲ့ ခြုံအိပ်ရမှာကိုတောင် ကြောက်လာပါတယ်။

မန္တလေးလို ပူတဲ့နေရာကို ခရီးထွက်ရပြီ ဆိုရင် စောင်မခြုံရပေမဲ့ ပူတဲ့ဒါဏ်နဲ့ ခြေဖျားတွေ ပူလာရင် အိပ်ကို မရတော့ဘူး ကိုက်ခဲလာတော့တာပါပဲ။အခုတော့ တရုတ်အမွှေးပွ စောင်ခြုံလည်း အိပ်လို့ရလာသလို ကိုက်တာခဲတာတွေလဲ လျော့သွားပါပြီ။ဒါဘာကြောင့်လဲ ?ဘာဆေးနဲ့ ပျောက်တာလဲမေးရင် ဟုတ်ကဲ့ ပြောပြပါ့မယ်။

ထွေထွေထူးထူး လုပ်စရာ မလိုသလို ငွေကုန်လည်း အရမ်းသက်သာတဲ့ နည်းလေးပါ။ညအိပ်ယာမဝင်ခင် ရေနွေးပူနဲ့ရေအေးနဲ့ မျှတအောင်စပ်ပြီး ဇလုံတစ်ခုထဲထည့်ပါ ခြေဖျားမြှပ်အောင်တော့ ရေထည့်ပါ အဲဒီရေထဲမှာ အိမ်သုံးရိုးရိုးဆားလက်တစ်ဆုပ်စာ ထည့်ပြီး ခြေဖျားတွေကို နာရီဝက်ကြာအောင် စိမ်ပေးပါ ညစဉ်ညတိုင်း လုပ်ပေးပါ။၄/၅ ရက်ဆားရည်စိပ်ပြီးတာနဲ့ကို သိသိသာသာ သက်သာလာပါလိမ့်မယ်နော်။

အခုဆို တရုတ်အနွေးစောင်နဲ့ အိပ်လို့ ရသလို ခါတိုင်းလို ခြေထောက်ကိုစောင် အပြင်ဘက်ထုတ် အိပ်စရာ မလိုတော့ပါဘူး ကိုက်တာခဲတာတွေလည်းသိသိသာသာ သက်သာလာပါပြီ။အဲဒီအတွက် ဆေးနည်း သိပြီး လုပ်ပေးခဲ့တဲ့ ကျွန်တော့်ဇနီးကိုလည်းကျေးဇူးတင်ပါတယ်။ညညခြေဖျားတွေပူ ကိုက်ခဲလို့ အိပ်မရဘူးဆိုတဲ့ သူတွေ လုပ်ကြည့်လိုက်ပါ။တစ်ခြားလူများသိအောင်လည်း ဝေမျှပေးနိုင်ပါတယ်နော်။

မင်္ဂလာထွန်း ( ကျောက်မဲ )မေတ္တာဖြင့်…အိမ်တွင်းဆေးမြီးတိုများစုစည်းမှု

Via-Sai Min Thant

Be the first to comment

Leave a Reply

Your email address will not be published.


*