Credit- pin pin
[Unicode]
နေရာတိုင်းမှာ ဦးဆောင်နေရတဲ့ မိန်းမတစ်ယောက်မှာ ဒီလိုအချက်တွေ ဖြစ်နေတယ်
လိုတာထက် မချိုသာတတ်ဘူး။စိတ်ဆတ်လိမ့်မယ်။စိတ်ထားမကောက်ကျစ်ဘူး။ဒေါသကြီးရင်ကြီးမယ် အချိန်ကြာကြာစိတ်မဆိုးတတ်ဘူး။ပွင့်ပွင့်လင်းလင်းဆက်ဆံတတ်တယ် ဟန်မဆောင်တတ်ဘူး မာယာမများဘူး။
ရဲရင့်တဲ့ဆက်ဆံရေးရှိတယ်။အိန္ဒြေကြီးတစ်ခွဲသားနဲ့မနေတတ်ဘူး၊လူအများနဲ့နေရတာနှစ်သက်တယ်။နေရာတကာဆရာကြီးလုပ်တတ်ပေမယ့် စာနာစိတ်ရှိတဲ့နေရာမှာသူတို့ကိုလိုက်မမှီဘူး။#သူတို့အားနည်းချက်က သနားတတ်တယ်၊အားနာတတ်တယ်။လုပ်ချင်ရာကိုအကြောက်အရွံမရှိလုပ်ပြီး နောင်တဆိုတာမရှိဘူး။
တစ်ခုဘဲလူတစ်ယောက်ကိုမုန်းသွားရင် သေတောင်စကားလှည့်မပြောနိုင်အောင် သွေးအေးရက်စက်တတ်တာလေးဘဲ။ထက်မြက်တယ်ဆိုထဲက သူများထက်တော်လို့ သူများထက်သာလို့မို့ သူတို့ရဲ့ရပ်တည်ချက်၊ခံယူချက်တွေက သူများနဲ့မတူပဲခိုင်မာတယ်။သူတို့ရဲ့အတွေးအခေါ်၊အယူအဆတွေကို
ဆုတ်ကိုင်ထားတတ်လို့ခေါင်းမာတယ်ထင်ရပေမယ့် အမှန်တစ်ကယ်ဇွဲကြီးတဲ့သူတွေဖြစ်တယ်။သူများဘယ်လိုကူညီမလဲဆိုတာထက် ငါဘာလုပ်နိုင်လဲဆိုတာပဲတွေးတယ်။အမှတ်သည်းခြေကြီးတယ် ရန်ငြိုးဖွဲ့ဖို့၊လက်တုန့်ပြန်ဖို့မဟုတ်ပေမယ့် သူတို့ကိုနာကျင်အောင်လုပ်မိရင်ဘယ်တော့မှမမေ့ဘူး။
နားလည်ခွင့်လွှတ်တတ်ပေမယ့် ဟင်ဆိုရင်လှည့်မကြည့်တော့ဘူး။အေးစက်စက်လို့ထင်ရပေမယ့် လိုအပ်လာရင်ကျောက်တုံးကို အရည်ဖျော်နိုင်စွမ်းရှိကြတယ်။ပျော်ပျော်နေရင်းဖြတ်သန်းတတ်တဲ့ သူတို့စိတ်တွေကတကယ်တော့ အခြားသူတွေကိုပေးဆပ်လိုက်ရတာတွေများတယ်။အခက်အခဲရှိပေမယ့် ဘယ်အခြေအနေမှာမဆို အဆင်ပြေပါတယ်လို့ပဲပြောလေ့ရှိတယ်။သင်အဆင်ပြေရဲ့လား ကိုယ်အဆင်ပြေပါတယ်
Credit- pin pin
Be the first to comment
Leave a Reply
Your email address will not be published.
*