ေခါင္းၿဖီးလို႔ ဆံပင္ေတြကြၽတ္လာရင္္ စိတ္မညစ္ရေအာင္

ေခါင္းၿဖီးလိုက္လို႔ ဆံပင္ေတြကြၽတ္လာရင္ စိတ္မညစ္ရေအာင္

ေခါင္းၿဖီးလို႔ ဆံပင္ေတြကြၽတ္လာရင္ စိတ္ညစ္ရသလို၊ ဆိုင္မွာေခါင္းသြားေလ်ွာ္ရင္လ ဲအစ္မဆံပင္ေတ ြကြၽတ္တယ္ေနာ္ ေျပာရင္ စိတ္ပိုညစ္ရပါတယ္။

အမွတ္မထင္လိုင္းေပၚမွာ ေတြ႔တဲ့ေဆးနည္းေလးနဲ႔ စမ္းလုပ္ၾကည့္တာ အဆင္ေျပလို႔ ကိုယ့္လိုစိတ္ညစ္ေနတဲ့သူေတြ အတြက္ မ်ွေဝေပးလိုက္ပါတယ္။

ျကက္သြန္နီီ ေဆးဘက္ဝင္တာသိေပမဲ့ ၾကက္သြန္နီကိုႀကိတ္ၿပီး ေခါင္းေပၚလိမ္းတဲ့အခါ ၾကက္သြန္စိမ္းနံ႔ေပ်ာက္ဖို႔ိ ေတာ္ေတာ္ေခါင္းေလ်ွာ္ယူရတာ က်ြန္မအတြက္ ္သိပ္အဆင္မေျပျဖစ္ရပါတယ္။ ဒီနည္းေလးကေတာ့ ေတာ္ေတာ္အဆင္ ေျပပါတယ္။

လုပ္နည္းအဆင့္ဆင့္္

ဆန္ကိုိပန္ကန္လံုးေလးနဲ႔တစ္ခြက္ယူပါ။ ဆန္ကိုထမင္းခ်က္သလိုပဲ ႏွစ္ႀကိမ္ေလာက္ဖြဖြေလးေဆးပါ.

ေဆးထားတဲ့ဆန္ကို ႏွစ္နာရီေလာက္စိမ္ထားလိုက္ပါ ေရနည္းနည္းနဲ႔ပဲစိမ္ပါ.

ၾကက္သြန္နီကိုအခြံခြာပါ ၾကက္သြန္နီကို ႐ွစ္စိပ္စိပ္လိုက္ပါ (ကြၽန္မကေတာ့ဆန္ပန္းကန္လံုး တစ္ခြက္ဆို ၾကက္သြန္နီႏွစ္လံုး သံုးပါတယ္)

ဆန္နဲ႔ၾကက္သြန္စိပ္ထားတာေရာလိုက္ပါ ေရနည္းနည္းထပ္ထည့္ေပးပါ

မီးဖိုေပၚမွာ ပြက္ပြြက္ဆူေအာင္ ေမႊေပးပါ ဆန္နည္းနည္းေက်တဲ့အထိိထားပါ ..(ဆန္ျပဳတ္အဆင့္မေရာက္ပါ)

အဲ့ေလာက္ဆိုိ ..ေရစစ္ထဲကိုထည့္ၿပီး အရည္ညစ္ယူပါ။ ေရကုန္သြားေအာင္ညႇစ္ပါ

ေရခဲေသတၱာထဲထည့္သိမ္းၿပီးတစ္ပတ္ေလာက္ထားသံုးလို႕ရပါျပီ

ဆန္မွာပါဝင္ေသာအာဟာရဓာတ္မ်ားႏွင့္ၾကက္သြန္နီမွာပါဝင္ေသာဓာတ္မ်ားေၾကာင့္ဆံပင္အတြက္အက်ိဳးျပဳပါတယ္။ျပဳတ္ထားတာျဖစ္တဲ့အတြက္ၾကက္သြန္နံ႔လဲမနံ႔ပါဘူး။

ဘာေတြထူးျခားလာလဲဆိုေတာ့..

ဆံပင္ကြၽတ္တာလံုရပ္သြားၿပီးအျမဲဦးေရျပားပူေနတတ္တဲ့ကြၽန္မဦးေခါင္းအေရျပားလဲသိသိသာသာအပူေလ်ာ့က်လာပါတယ္။ ဆံပင္ကိုသိသိသာသာအားေပးေစပါတယ္။

ေဘာက္႐ွိတဲ့သူမို႔ သံပရာ(သို႔) သံပ႐ိုသီးအရည္ထည့္ပါတယ္။ေဘာက္လဲတက္တာေလ်ွာ့က်သြားပါတယ္။

ဘယ္လိုအသံုးျပဳရလဲ….

ေခါင္း မေလ်ွာ္ခင္္ ေဆးရည္ကိုယူၿပီးဦးေရျပားအထိလိမ္းပါတယ္။ ဆံံပင္ေပ်ာ့ခ်င္ရင္တေရာ္ကင္ပြန္းထည့္ပါ၊ေဘာက္ေပ်ာက္ရင္ခ်င္ရင္သံပရာသီးအရည္ညႇစ္ထည့္ပါ။

ဆံံပင္အေရာင္ေတာက္ခ်င္ရင္သံလြင္ဆီ၊အုန္းဆီတစ္ခုခုကိုထည့္ပါ။ (15) မိနစ္ေလာက္ဦးေရျပားေကာ၊ဆံပင္ထိပ္ဖ်ားေတြအထိပါလိမ္းေပးၿပီးခဏႏွိပ္ေပးရပါတယ္။

ကြၽန္မကေတာ့ Hair Cap နဲ႔ဆယ္မိနစ္ေလာက္အုပ္ၿပီးခဏထားလိုက္ပါတယ္။ၿပီးမွ ႐ွန္ပူအေပ်ာ့စားနဲ႔ေခါင္းေလ်ွာ္ပါတယ္။ ေဘးဥပဒ္မ႐ွိပဲသဘာဝနည္းျဖစ္တာေၾကာင့္မည္သူမဆိုအသံုးတည့္မယ္ယူဆပါတယ္။

May Soe

Unicode

ခေါင်းဖြီးလိုက်လို့ ဆံပင်တွေကျွတ်လာရင် စိတ်မညစ်ရအောင်

ခေါင်းဖြီးလို့ ဆံပင်တွေကျွတ်လာရင် စိတ်ညစ်ရသလို၊ ဆိုင်မှာခေါင်းသွားလျှော်ရင်လ ဲအစ်မဆံပင်တေ ွကျွတ်တယ်နော် ပြောရင် စိတ်ပိုညစ်ရပါတယ်။

အမှတ်မထင်လိုင်းပေါ်မှာ တွေ့တဲ့ဆေးနည်းလေးနဲ့ စမ်းလုပ်ကြည့်တာ အဆင်ပြေလို့ ကိုယ့်လိုစိတ်ညစ်နေတဲ့သူတွေ အတွက် မျှဝေပေးလိုက်ပါတယ်။

ကြက်သွန်နီီ ဆေးဘက်ဝင်တာသိပေမဲ့ ကြက်သွန်နီကိုကြိတ်ပြီး ခေါင်းပေါ်လိမ်းတဲ့အခါ ကြက်သွန်စိမ်းနံ့ပျောက်ဖိို့ တော်တော်ခေါင်းလျှော်ယူရတာ ကျွန်မအတွက် ်သိပ်အဆင်မပြေဖြစ်ရပါတယ်။ ဒီနည်းလေးကတော့ တော်တော်အဆင် ပြေပါတယ်။

လုပ်နည်းအဆင့်ဆင့််

ဆန်ကိိုပန်ကန်လုံးလေးနဲ့တစ်ခွက်ယူပါ။ ဆန်ကိုထမင်းချက်သလိုပဲ နှစ်ကြိမ်လောက်ဖွဖွလေးဆေးပါ.

ဆေးထားတဲ့ဆန်ကို နှစ်နာရီလောက်စိမ်ထားလိုက်ပါ ရေနည်းနည်းနဲ့ပဲစိမ်ပါ.

ကြက်သွန်နီကိုအခွံခွာပါ ကြက်သွန်နီကို ရှစ်စိပ်စိပ်လိုက်ပါ (ကျွန်မကတော့ဆန်ပန်းကန်လုံး တစ်ခွက်ဆို ကြက်သွန်နီနှစ်လုံး သုံးပါတယ်)

ဆန်နဲ့ကြက်သွန်စိပ်ထားတာရောလိုက်ပါ ရေနည်းနည်းထပ်ထည့်ပေးပါ

မီးဖိုပေါ်မှာ ပွက်ပွွက်ဆူအောင် မွှေပေးပါ ဆန်နည်းနည်းကျေတဲ့အထိိထားပါ ..(ဆန်ပြုတ်အဆင့်မရောက်ပါ)

အဲ့လောက်ဆိို ..ရေစစ်ထဲကိုထည့်ပြီး အရည်ညစ်ယူပါ။ ရေကုန်သွားအောင်ညှစ်ပါ

ရေခဲသေတ္တာထဲထည့်သိမ်းပြီးတစ်ပတ်လောက်ထားသုံးလို့ရပါပြီ

ဆန်မှာပါဝင်သောအာဟာရဓာတ်များနှင့်ကြက်သွန်နီမှာပါဝင်သောဓာတ်များကြောင့်ဆံပင်အတွက်အကျိုးပြုပါတယ်။ပြုတ်ထားတာဖြစ်တဲ့အတွက်ကြက်သွန်နံ့လဲမနံ့ပါဘူး။

ဘာတွေထူးခြားလာလဲဆိုတော့..

ဆံပင်ကျွတ်တာလုံရပ်သွားပြီးအမြဲဦးရေပြားပူနေတတ်တဲ့ကျွန်မဦးခေါင်းအရေပြားလဲသိသိသာသာအပူလျော့ကျလာပါတယ်။ ဆံပင်ကိုသိသိသာသာအားပေးစေပါတယ်။

ဘောက်ရှိတဲ့သူမို့ သံပရာ(သို့) သံပရိုသီးအရည်ထည့်ပါတယ်။ဘောက်လဲတက်တာလျှော့ကျသွားပါတယ်။

ဘယ်လိုအသုံးပြုရလဲ….

ခေါင်း မလျှော်ခင်် ဆေးရည်ကိုယူပြီးဦးရေပြားအထိလိမ်းပါတယ်။ ဆံံပင်ပျော့ချင်ရင်တရော်ကင်ပွန်းထည့်ပါ၊ဘောက်ပျောက်ရင်ချင်ရင်သံပရာသီးအရည်ညှစ်ထည့်ပါ။

ဆံံပင်အရောင်တောက်ချင်ရင်သံလွင်ဆီ၊အုန်းဆီတစ်ခုခုကိုထည့်ပါ။ (15) မိနစ်လောက်ဦးရေပြားကော၊ဆံပင်ထိပ်ဖျားတွေအထိပါလိမ်းပေးပြီးခဏနှိပ်ပေးရပါတယ်။

ကျွန်မကတော့ Hair Cap နဲ့ဆယ်မိနစ်လောက်အုပ်ပြီးခဏထားလိုက်ပါတယ်။ပြီးမှ ရှန်ပူအပျော့စားနဲ့ခေါင်းလျှော်ပါတယ်။ ဘေးဥပဒ်မရှိပဲသဘာဝနည်းဖြစ်တာကြောင့်မည်သူမဆိုအသုံးတည့်မယ်ယူဆပါတယ်။

May Soe

Be the first to comment

Leave a Reply

Your email address will not be published.


*