ခ်မ္းေျမ့ေမာင္ခ်ိဳရခဲ႔တဲ႔ VOTE ေတြနဲ႔ ပတ္သက္ျပီး ျပတ္သားစြာ ေျပာလိုက္တဲ႔ အဆိုေတာ္ အိအိ

Myanmar Idol Season 3 ရဲ႕ ေနာက္ဆုံး Final အဆင့္အထိ ေရာက္သြားၿပီ ျဖစ္တဲ့ ၿပိဳင္ပြဲဝင္ ခ်မ္းေျမ့ေမာင္ခ်ိဳဟာ ေဝဖန္မႈမ်ားစြာ ရွိေနၿပီး သူ႔ရဲ႕

ဖခင္ဟာ ဒူဘိုင္းသူေဌးရဲ႕ အတြင္းေရးမႉးဆိုတဲ့ ေကာလာဟလမ်ား ရွိေနပါတယ္။ အဲဒီသတင္းဟာ မဟုတ္မမွန္ေၾကာင္း ခ်မ္းေျမ့ေမာင္ခ်ိဳရဲ႕ မိခင္ျဖစ္သူ အဆိုေတာ္ အိအိက ဧရာဝတီကိုေျေျပာပါတယ္။

“က်မရဲ႕ အမ်ိဳးသားကို ဒူဘိုင္းသူေဌးရဲ႕ အတြင္းေရးမႉးလို႔ ေျပာတာေတြ ရွိတယ္။ က်မ အေျခအေနလည္း ၾကည့္သြားလို႔ရတယ္။ တိုက္ခန္းက်ဥ္းက်ဥ္းေလးမွာ ေနေနရတာ။

လူေတြရဲ႕ ေျပာတတ္တဲ့ သေဘာကို ေျပာတာ။ က်မ မခ်မ္းသာပါဘူး။ က်မက အေပၚကို မၾကည့္ဘူး။ ေအာက္ကိုပဲ ၾကည့္တယ္။ က်န္တဲ့အပိုင္း ဘာအပူအပင္မွ မရွိဘူး။ ကိုယ့္မိသားစုေလးနဲ႔ ဒီလိုေနရတာ ေက်နပ္တယ္” လို႔ အဆိုေတာ္ အိအိကေျေျပာပါတယ္။

ခ်မ္းေျမ့ေမာင္ခ်ိဳရဲ႕ ဖခင္ျဖစ္သူမွာ အမ်ားထင္ေနၾကသလို မဟုတ္ဘဲ သေဘၤာအရာရွိ တဦးျဖစ္ၿပီး လက္ရွိ သူမတို႔ မိသားစုမွာလည္း အမ်ားနည္းတူ လူတန္းေစ့ ေနႏိုင္႐ုံသာ ရွိပါတယ္လို႔ ဆိုပါတယ္။

“သူတို႔ေတြ စိတ္ဝင္စားလို႔ေျပာတာ အထင္ခံရနည္းလား။ ဒုဗိုလ္မႉးႀကီး ဘာညာနဲ႔ ၂ႏွ စ္ရွိၿပီ။ စင္ကာပူမွာ ကပၸတိန္ စာေမးပြဲ သြားေျဖတယ္၊ ေအာင္တယ္။ ဒါေပမယ့္ ႐ုံးမွာက်ေတာ့ ခ်က္ခ်င္း ရာထူး မေပးဘူး။

သေဘၤာ ျပန္လိုက္ရေသးတယ္။ သေဘၤာအရာရွိ အေနနဲ႔ပဲ လိုက္ေနရတာ။ ၄ ေခါက္ေျမာက္ပါ။ အခုေနရတာက အခုေခတ္မွာ လူတန္းေစ့ပါပဲ” လို႔ အဆိုေတာ္ အိအိက ေျပာပါတယ္။

ခ်မ္းေျမ့ေမာင္ခ်ိဳအေနနဲ႔ Myanmar Idol ၿပိဳင္ပြဲမွာ အမွားအယြင္းမ်ား ရွိခဲ့ေသာ္လည္း ေနာက္ဆုံး ဖိုင္နယ္အထိ ပါသြားတဲ့အတြက္ ေဝဖန္မႈမ်ားက ျမင့္တက္လာခဲ့ၿပီး ဖခင္ျဖစ္သူက ပိုက္ဆံရွိလို႔ Voting ေပးႏိုင္တာေၾကာင့္ ပါသြားခဲ့တာဆိုတဲ့ စကားသံမ်ားလည္း ရွိေနခဲ့ပါတယ္။

ခ်မ္းေျမ့ေမာင္ခ်ိဳအတြက္ Myanmar Idol သီခ်င္းဆို ၿပိဳင္ပြဲဟာ ပထမဆုံးၿပိဳင္ပြဲတခုျဖစ္ၿပီး ၿပိဳင္ပြဲဝင္မ်ားထဲမွာလည္း အသက္အငယ္ဆုံး ၿပိဳင္ပြဲဝင္တဦးလည္း ျဖစ္ပါတယ္။

“သူ (ခ်မ္းေျမ့ေမာင္ခ်ိဳ) က အသက္ ၁၈ ႏွစ္အ႐ြယ္။ ကေလးေလးလို႔ ေျပာရေအာင္လည္း လူေကာင္က ထြားေနတယ္။ သူတို႔ ၁၈ ႏွစ္

အ႐ြယ္က ဘာေတြလုပ္ေနၾကသလဲ။ ကိုယ့္ကိုယ္ကို ဆန္းစစ္ၿပီးေျပာပါ။ အသက္ ၁၈ႏွစ္ အ႐ြယ္ကေလးမွာ ဒီလိုအေျခအေနေတြ ျဖစ္လာတယ္။ မွားရင္လမ္းတည့္ေပးပါ” လို႔ အဆိုေတာ္ အိအိက ဆိုပါတယ္။

မိခင္ျဖစ္သူ အဆိုေတာ္အိအိမွာ တေခတ္တခါက ေအာင္ျမင္ခဲ့တဲ့ ေတးသံရွင္တေယာက္ျဖစ္ပါတယ္။ သူမအေနနဲ႔ အႏုပညာေလာကထဲက ထြက္သြားခဲ့ေပမယ့္ သားျဖစ္သူကလည္း

သ႐ုပ္ေဆာင္ တေယာက္အေနနဲ႔ ၿပိဳင္ပြဲမွာ ဆုရရွိခဲ့ၿပီး အႏုပညာေလာကထဲကို ဝင္ေရာက္လာသလို သမီးျဖစ္သူ ခ်မ္းေျမ့ေမာင္ခ်ိဳကလည္း Myanmar Idol ၿပိဳင္ပြဲမွတဆင့္ အဆိုေတာ္ တေယာက္ ျဖစ္ဖို႔အတြက္ ႀကိဳးစားေနတာေၾကာင့္ သားနဲ႔ သမီးအတြက္ ပံ့ပိုးမႈမ်ားစြာကို လုပ္ေပးသြားမယ္လို႔ ဆိုပါတယ္။

“အန္တီက သူတို႔ ဘာဝါသနာပါလဲဆိုတာကို အကုန္လုပ္ေပးမွာ။ ေကာင္းတာမွန္သမွ် အကုန္လုပ္ေပးမွာ။ ႐ုပ္ရွင္ ႐ိုက္ဖို႔ကမ္းလွမ္းတာေတြလည္းရွိတယ္။ ငယ္တုန္းေလး စန္းရွိတုန္းေလး လုပ္ေပးမွာ။

အႏုပညာဘယ္ေလာက္ပဲ ဝါသနာပါပါ စန္းရွိမွျဖစ္မွာ။ သူတို႔လမ္းေလးကို ေျဖာင့္ေျဖာင့္တန္းတန္း သြားဖို႔ကို သူတို႔ဝါသနာပါတဲ့ဟာကို ႐ူးသြပ္ပါ။ တာဝန္ေၾကပါ။ အဲ့ဒါေလးပဲ ေျပာထားတာပါ။ ေပၚပင္ေတာ့မလုပ္နဲ႔လို႔ ေျပာထားတာေပါ့” လို႔ အဆိုေတာ္ အိအိက ေျပာပါတယ္။

Unicodeဖြင့်ဖတ်ရန်

Myanmar Idol Season 3 ရဲ့ နောက်ဆုံး Final အဆင့်အထိ ရောက်သွားပြီ ဖြစ်တဲ့ ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုဟာ ဝေဖန်မှုများစွာ ရှိနေပြီး သူ့ရဲ့ ဖခင်ဟာ ဒူဘိုင်းသူဌေးရဲ့ အတွင်းရေးမှူးဆိုတဲ့ ကောလာဟလများ ရှိနေပါတယ်။ အဲဒီသတင်းဟာ မဟုတ်မမှန်ကြောင်း ချမ်းမြေ့မောင်ချိုရဲ့ မိခင်ဖြစ်သူ အဆိုတော် အိအိက ဧရာဝတီကိုေြပြောပါတယ်။

“ကျမရဲ့ အမျိုးသားကို ဒူဘိုင်းသူဌေးရဲ့ အတွင်းရေးမှူးလို့ ပြောတာတွေ ရှိတယ်။ ကျမ အခြေအနေလည်း ကြည့်သွားလို့ရတယ်။ တိုက်ခန်းကျဉ်းကျဉ်းလေးမှာ နေနေရတာ။

လူတွေရဲ့ ပြောတတ်တဲ့ သဘောကို ပြောတာ။ ကျမ မချမ်းသာပါဘူး။ ကျမက အပေါ်ကို မကြည့်ဘူး။ အောက်ကိုပဲ ကြည့်တယ်။ ကျန်တဲ့အပိုင်း ဘာအပူအပင်မှ မရှိဘူး။ ကိုယ့်မိသားစုလေးနဲ့ ဒီလိုနေရတာ ကျေနပ်တယ်” လို့ အဆိုတော် အိအိကြေပြောပါတယ်။

ချမ်းမြေ့မောင်ချိုရဲ့ ဖခင်ဖြစ်သူမှာ အများထင်နေကြသလို မဟုတ်ဘဲ သင်္ဘောအရာရှိ တဦးဖြစ်ပြီး လက်ရှိ သူမတို့ မိသားစုမှာလည်း အများနည်းတူ လူတန်းစေ့ နေနိုင်ရုံသာ ရှိပါတယ်လို့ ဆိုပါတယ်။

“သူတို့တွေ စိတ်ဝင်စားလို့ပြောတာ အထင်ခံရနည်းလား။ ဒုဗိုလ်မှူးကြီး ဘာညာနဲ့ ၂နှ စ်ရှိပြီ။ စင်ကာပူမှာ ကပ္ပတိန် စာမေးပွဲ သွားဖြေတယ်၊ အောင်တယ်။ ဒါပေမယ့် ရုံးမှာကျတော့ ချက်ချင်း ရာထူး မပေးဘူး။

သင်္ဘော ပြန်လိုက်ရသေးတယ်။ သင်္ဘောအရာရှိ အနေနဲ့ပဲ လိုက်နေရတာ။ ၄ ခေါက်မြောက်ပါ။ အခုနေရတာက အခုခေတ်မှာ လူတန်းစေ့ပါပဲ” လို့ အဆိုတော် အိအိက ပြောပါတယ်။

ချမ်းမြေ့မောင်ချိုအနေနဲ့ Myanmar Idol ပြိုင်ပွဲမှာ အမှားအယွင်းများ ရှိခဲ့သော်လည်း နောက်ဆုံး ဖိုင်နယ်အထိ ပါသွားတဲ့အတွက် ဝေဖန်မှုများက မြင့်တက်လာခဲ့ပြီး ဖခင်ဖြစ်သူက ပိုက်ဆံရှိလို့ Voting ပေးနိုင်တာကြောင့် ပါသွားခဲ့တာဆိုတဲ့ စကားသံများလည်း ရှိနေခဲ့ပါတယ်။

ချမ်းမြေ့မောင်ချိုအတွက် Myanmar Idol သီချင်းဆို ပြိုင်ပွဲဟာ ပထမဆုံးပြိုင်ပွဲတခုဖြစ်ပြီး ပြိုင်ပွဲဝင်များထဲမှာလည်း အသက်အငယ်ဆုံး ပြိုင်ပွဲဝင်တဦးလည်း ဖြစ်ပါတယ်။

“သူ (ချမ်းမြေ့မောင်ချို) က အသက် ၁၈ နှစ်အရွယ်။ ကလေးလေးလို့ ပြောရအောင်လည်း လူကောင်က ထွားနေတယ်။

သူတို့ ၁၈ နှစ် အရွယ်က ဘာတွေလုပ်နေကြသလဲ။ ကိုယ့်ကိုယ်ကို ဆန်းစစ်ပြီးပြောပါ။ အသက် ၁၈နှစ် အရွယ်ကလေးမှာ ဒီလိုအခြေအနေတွေ ဖြစ်လာတယ်။ မှားရင်လမ်းတည့်ပေးပါ” လို့ အဆိုတော် အိအိက ဆိုပါတယ်။

မိခင်ဖြစ်သူ အဆိုတော်အိအိမှာ တခေတ်တခါက အောင်မြင်ခဲ့တဲ့ တေးသံရှင်တယောက်ဖြစ်ပါတယ်။ သူမအနေနဲ့ အနုပညာလောကထဲက ထွက်သွားခဲ့ပေမယ့် သားဖြစ်သူကလည်း သရုပ်ဆောင် တယောက်အနေနဲ့ ပြိုင်ပွဲမှာ ဆုရရှိခဲ့ပြီး အနုပညာလောကထဲကို

ဝင်ရောက်လာသလို သမီးဖြစ်သူ ချမ်းမြေ့မောင်ချိုကလည်း Myanmar Idol ပြိုင်ပွဲမှတဆင့် အဆိုတော် တယောက် ဖြစ်ဖို့အတွက် ကြိုးစားနေတာကြောင့် သားနဲ့ သမီးအတွက် ပံ့ပိုးမှုများစွာကို လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။

“အန်တီက သူတို့ ဘာဝါသနာပါလဲဆိုတာကို အကုန်လုပ်ပေးမှာ။ ကောင်းတာမှန်သမျှ အကုန်လုပ်ပေးမှာ။ ရုပ်ရှင် ရိုက်ဖို့ကမ်းလှမ်းတာတွေလည်းရှိတယ်။ ငယ်တုန်းလေး စန်းရှိတုန်းလေး လုပ်ပေးမှာ။

အနုပညာဘယ်လောက်ပဲ ဝါသနာပါပါ စန်းရှိမှဖြစ်မှာ။ သူတို့လမ်းလေးကို ဖြောင့်ဖြောင့်တန်းတန်း သွားဖို့ကို သူတို့ဝါသနာပါတဲ့ဟာကို ရူးသွပ်ပါ။ တာဝန်ကြေပါ။ အဲ့ဒါလေးပဲ ပြောထားတာပါ။ ပေါ်ပင်တော့မလုပ်နဲ့လို့ ပြောထားတာပေါ့” လို့ အဆိုတော် အိအိက ပြောပါတယ်။

Credit: MMFeed

Be the first to comment

Leave a Reply

Your email address will not be published.


*