ဖြိုးမြတ်အောင်နဲ့ မောင်ချိုကို တွေ့ပြီး စကားတစ်ခွန်းပြောခဲ့တဲ့ သားငယ်







Unicode

ဖိုင်နယ်ပွဲအတွက် ပြင်ဆင်နေတဲ့ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ကို Myanmar Idol Season 2 ရဲ့ Winner သားငယ်က သွားရောက်တွေ့ဆုံခဲ့ပြီး အားပေးစကားတွေ ပြောခဲ့ပါတယ်။

ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ပြင်းထန်နေတဲ့ Myanmar Idol Season 3 Grand Final ပွဲကြီးက မကြာခင် ရက်ပိုင်းမှာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

သားငယ်က သူရဲ့ ဖေ့စ်ဘွတ်မှာ Top Finalists ပြိုင်ပွဲဝင်နှစ်ယောက် အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးကို တင်ထားကာ ယခုလို ပြောထားပါသေးတယ်။

“ံကြိုက်တဲ့သူကို Vote မကျေနပ်ရင် ကျွန်တော့်ကိုပါ ထပ် Vote လို့ရတယ်” ဆိုပြီး ဆိုပြီး ပြောထားပါတယ်။

Myanmar Idol Season 3 ရဲ့ Top Finalists နောက်ဆုံး ပြိုင်ပွဲကြီးမရောက်ခင် ပြိုင်ပွဲဝင်တွေဟာ ကိုယ်ရဲ့ ဇာတိမြေနဲ့ ကိုယ့်ကြီးပြင်းခဲ့တဲ့ နေရာတွေကို အချိန်လုသွားရောက်ခဲ့ပြီး မိဘဆရာပရိသတ်တွေကို သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။

ဖြိုးမြတ်အောင်ဆိုရင်လည်း သူနေထိုင်တဲ့ ဟင်္သာတမြို့သို့ ခဏတာ ပြန်သွားပြီး မွေးရပ်မြေက ပရိသတ်များနဲ့ သွားရောက်တွေ့ဆုံခဲ့သလို ချမ်းမြေ့မောင်ချိုဟာလည်း သူ့ရဲ့ ပရိသတ် တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*